Saturday, 11 October 2014

တရုတ်နိုင်ငံ ရထားလမ်းလုပ်ငန်းခွင်တွင် မြေပြို၊ ၁၉ ဦး သေဆုံး


တရုတ်နိုင်ငံ အနောက်မြောက်ဒေသ
ရှန်းဇီ ပြည်နယ်မှာ အောက်တိုဘာ ၁၀
ရက်နေ့ ညနေပိုင်းက ရထားလမ်း ဆောက်
လုပ်ရေးလုပ်ငန်းအတွင်း မြေပြိုမှုဖြစ်ပြီး
လူအနည်းဆုံး ၁၉ ဦး သေဆုံးပြီး ၂ ဦး
ဒဏ်ရာရသွားပါတယ်။



ည ၉ နာရီခွဲဝန်းကျင်မှာ မြေပြိုမှုကြောင့် အလုပ်သမားတွေ ယာယီ နေထိုင်နေတဲ့ ယာယီအိမ် ၈ လုံး ပြိုသွားတယ်လို့ ပြောပါတယ်။

အလုပ်သမား ၁၄ ယောက် နေရာမှာတင် သေဆုံးပြီး ၇ ယောက်ကို ဆေးရုံတင်ခဲ့ရပါတယ်။ ဆေးရုံမှာ နောက်ထပ်  ၅ ယောက် သေဆုံးသွားပြီး ကျန်နှစ်ယောက်ကတော့ အသက်အန္တရာယ် မရှိတော့ဘူးလို့ ပြောပါတယ်။

ဟောင်လင်းမြို့နဲ့ ယန်အန်းမြို့ကို ဆက်တဲ့ ရထားလမ်းဆောက်လုပ်ရေး လုပ်ငန်းခွင်ကို တရုတ် မီးရထားဌာန အမှတ် ၃ အုပ်စုက အကောင်အထည်ဖော်နေတာပါ။ နောက်ထပ် မြေပြိုမှုတွေ မဖြစ်ဖို့ အာဏာပိုင်တွေက မြေပြင် အခြေအနေတွေကို စစ်ဆေးနေပါတယ်။

DVB (မြန်မာပိုင်း)

No comments:

Post a Comment