Saturday, 11 October 2014

မုဒိန်းကျင့်ဖို့ ကြိုးစားသူကိုလူအုပ်ကဖမ်းဆီးပြီး အင်္ဂါကိုဖြတ်တောက်ပစ်


အိန္ဒိယမှာ ဆယ်ကျော်မိန်ကလေးတစ်ဦးအား
မုဒိမ်းကျင့်ဖို့  ကြိုးစားသူကို လူအုပ်ကြီးက
ဖမ်းဆီမိပြီး သူ့  ရဲ့အင်္ဂါကို သားလှီးဓါး
နဲ့ ဖြတ်ပစ်လို့  ဆေးရုံမှာ စိုးရိမ်ရတဲ့အနေ
အထားရှိတယ်လို့  သိရပါတယ်။


ဒီဖြစ်ရပ်ဟာအိန္ဒိယ မြောက်ပိုင်းရာဂျစ်စတန်ခရိုင်မှာဖြစ်ပွားခဲ့တာပါ။

မိန်းကလေးရဲ့အော်ဟစ်သံ အကူညီတောင်းသံကြားရလို့ လူတွေသွားကြည့်တဲ့အခါ
အသက်(၄၀)ရှိပြီးဖြစ်တဲ့ ရက်ကူးမားကမိန်းကလေးကို နံရံမှာ တွန်းချုပ်ပြီး မုဒိမ်း
ကျင့်ဖို့  ကြိုးစားနေတာကို တွေ့ ရပါတယ်။

လူအုပ်ကြီးက ကူးမားကို ဘေးတွင်အသားရောင်းတဲ့ဆိုင်တရွတ်တိုက်ဆွဲခေါ်သွားပြီး တစ်နာရီ လောက်သူကို ရိုက်နှက်ပြီးတဲ့နောက်သူ့ ရဲ့အင်္ဂါကိုဖြတ်တောက်ပစ်လိုက်ကြပါတယ်။ နောက်တော့ သွေးတွေတစ်လိမ်းလိမ်းနဲ့  ကူးမားကို လမ်းလယ်ခေါင်မှာ ဒီအတိုင်းပစ်ထားခဲ့ကြပါတယ်။ ဘယ်သူမှကူညီသူမရှိခဲ့ပါဘူး။

မစ္စတာဒါဝမ်က’’’’ အမျိုးသမီးတွေကို စော်ကားကျူးလွန်တဲ့ ပြစ်မူတွေအများကြီး ကျနော်တို့  ကြုံခဲ့ရပြီးပါပြီ။ မိန်းကလေးတွေမုဒိမ်းကျင့်ခံရတယ်။ပြီးတော့ လည်ပင်းကြိုးစွပ်ပြီးသက်တယ်။ကလေးတွေ လိင်ပိုင်းကျူး လွန်ခံရတယ်။ဒါတွေကို ရပ်တန့် ဖို့  အချိန်ရောက်ပါပြီ။အခုဖြစ်ရပ်က နောက်နောင်ဒီလိုကျူးလွန်မည်ဆိုရင် ဒီပြစ်ဒဏ်ပေးခံရမယ်ဆိုတာကို လေးလေးနပ်နပ်သတင်းစကားပါးလိုက်တာပါပဲ’’’လို့  ပြောလိုက်ပါတယ်။

ရဲတွေကတော့ လာရောက်ကျူးလွန်တဲ့သူကို လာရောက်ဝန်ခံဖို့ ၊ယခုလိုလူအုပ်အနေနဲ့ ဥပဒေကို ကျော်လွန်ပြီးပြစ်ဒဏ်ပေးတာမျိုးလုပ်လို့  မရဘူးလို့  ပြောထားပါတယ်။


ခိုင်မောင်ဦး ဘာသာပြန်ဆိုသည်။
မူရင်းလင့်



No comments:

Post a Comment