
အောက်တိုဘာ ၁၁ရက်က အလှူခံပုံးအဖောက်
ခံရပြီး CCTV မှတ်တမ်းအရ တရားခံကို ချက်
ချင်းဖမ်းဆီးနိုင်ခဲ့ကြောင်း ပြည်မြို့ မြို့မရဲစခန်းမှ
ရဲအုပ်ဇော်မင်းနိုင်က မဇ္ဈိမကို ပြောသည်။
“ဘုရားအလှူခံပုံးအဖောက်ခံရတယ်။ ဂေါပက က အကြောင်းကြားလို့ လိုက်သွားတော့ တရားခံကို ချက်ချင်းမိတယ်။” ဟု ရဲအုပ် ဇော်မင်းနိုင်က ပြောသည်။
ရွှေဆံတော်ဘုရား အလှူခံပုံးထဲမှ အလှူငွေ ကျပ်နှစ်သိန်းကျော်ကို ထိုနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်က ဖောက်ယူခဲ့ခြင်းဖြစ်သည်။ အလှူခံပုံးဖောက်ကာ ခိုးယူသူအား ဘုရားဂေါပက အဖွဲ့က တရားလိုပြုကာ မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားသည်။
Mizziam News Daily
ပဲခူးတိုင်း၊ ပြည်မြိုရှိ ရွှေဆံတောင် ဘုရားအား အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ
သီဟလွင် (ပြည်))
No comments:
Post a Comment