ယနေ့ နေလည် ၁၂း၀၀နာရီခန့် တွင်ကော့ကရိတ်မြ၀တီလမ်း အလယ်ဗိုလ်တဲ
တွင်မည်သည့်နေရာကပစ်မှန်းမသိသော
လက်နက်ကြီးပေါက်ကွဲခဲ့သည်။
ပေါက်ကွဲမှုအနီးတ၀ိုက်ရှိ ခရီးသည်ကားနှင့်ဈေးရောင်းသူများ ထိခိုက်ဒါဏ်ရာရ သေကြေခဲ့သည်။
အခင်းဖြစ်နေရာတွင်ပင် ၂ဦးသေဆုံးပြီးထိခိုက်ဒါဏ်ရာရသူများကို ကော့ကရိတ်ဆေးရုံသို့
ပို့ဆောင်ဆေးကုသမှု ခံနေကြသည်။ဒါဏ်ရာရသူများထဲမှကျား၁ဦးမှာ ဆေးကုသမှုခံယူနေစဉ်သေဆုံး
သွားသဖြင့်စုစုပေါင်းသေဆုံးသူ ၃ဦးဖြစ်သည်။
ဒါဏ်ရာရသူများမှာ မောင်ဝေဦး အသက်၁၈နှစ် (ရင်ဘတ်ထိ)ရွှေတောကျေးရွာ ဘားအံမြို့နယ်၊
မရိုင်း ၃၂နှစ် (၀ဲဘက်ခြေသလုံး ဒါဏ်ရာ၃ချက်)ကော့ရမိုင်ရွာ ဘားအံမြို့နယ်၊
စောလာပုန်းအွာ ၁၇နှစ် (၀ဲဘက်ပေါင် ၁ချက်)ကော့အိမိတ်ရွာ ဘားအံမြို့နယ်။
ကလေးနှစ်ယောက် မောင်အာကာမင်း၉နှစ်၊မခင်ချိုဝင်း ၂တန်း(အမက.၉)လက်ပေါက်ပြဲဒါဏ်ရာ၊ တံတားဦးကော့ကရိတ်မြို့၊ကိုဇော်လင်းဦး မခင်မာဝေ (၀ဲဘက်ပေါင်ပေါက်ပြဲ) တံတားဦးရပ်၊ကော့ကရိတ်မြို့၊
စောထမွီး ၁၂နှစ် ၃တန်း(အ.မ.က၂)ကျောက်ဖျာ ၊ရွှေတောရွာ ဘားအံမြို့နယ်၊
၃ဦးသေ၊ကလေး၃ဦး၊ မ ၃ဦး၊ ကျား ၅ဦးဒဏ်ရာရရှိသည်။
အလယ်ဗိုလ်တဲ ဘုန်းတော်ကြီးကျောင်းဆရာတော်လည်း ခြေထောက်တွင်
လက်နက်ကြီးစထိမှန်ဒါဏ်ရာရသည်၊ဆရာတော်ကို မြ၀တီတွင်ဆေးကုသရန်အတွက်
ဒါယကာများမှပင့်ဆောင်သွားခဲ့ကြသည်။
ကော့ကရိတ်ဆေးရုံသို့ ကော့ကရိတ်ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ရဲမှူးကြီးနှင့်
ရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့များမှတာဝန်ရှိသူများ၊ သွေးအကူအညီပေးရေးအဖွဲ့၊ကရုဏာဖောင်ဒေးရှင်းအဖွဲ့၊
ရပ်ကွက်နာရေးအသင်းများမှ တာဝန်ရှိသူများ ကော့ကရိတ်ဆေးရုံမှ ၀န်ထမ်းများမှ
ကူညီဆောင်ရွက်ပေးနေပါသည်၊။
Dawna Aungtoe
ရွှေမြန်မာမီဒီယာ



No comments:
Post a Comment