Tuesday, 25 November 2014

ငါးရောင်းဝယ်သူ ၅၀ နီးပါးကို ဘိုကိုဟာရမ် သတ်ပစ်

နိုင်ဂျီးရီးယားနိုင်ငံမှာ ​ဘိုကိုဟာရမ်လို့ ခေါ်တဲ့ ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေက ​ငါးအရောင်း အဝယ်လုပ်သူ ​လူယောက် ​၅၀ ​နီးပါး ​ကို ​သတ်ပစ်လိုက်ပါတယ်။

တချို့လူတွေကို ​လည်လှီး သတ်ဖြတ်ခဲ့ တာဖြစ်ပြီး ​တချို့လူတွေကိုတော့ ​လက်နဲ့ ​ခြေထောက်ကို ​ကြိုးတွေနဲ့ ​တုတ်နှောင်ပြီး ​ရေထဲ ​ပစ်ချခဲ့ကြတယ်လို့ ​ဆိုပါတယ်။

ပဋိပက္ခတွေ ​ဖြစ်ပွားလေ့ရှိတဲ့ ​ဘော်နိုပြည်နယ်မှာ ​သတ်ဖြစ်မှုတွေ ​ဖြစ်ပွားခဲ့တာ ​ဖြစ်ပါတယ်။

ချက်နိုင်ငံကို ​သွားပြီး ​ငါးတွေ ​ဝယ်ဖို့ ​သွားလာသူ ​လူပေါင်း ​၄၈ ​ယောက်ကို ​ဘိုကိုဟာရမ်အဖွဲ့က ​တားဆီးပြီး ​အသံတိတ် ​သတ်ဖြတ်ခဲ့တာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

အဲဒီအနီးနားမှာ ​ချက်နိုင်ငံ၊ ​နိုင်ဂျီးရီးယားနိုင်ငံနဲ့ ​နီဂျဲနိုင်ငံ ​စစ်သားတွေ ​ရှိနေတဲ့အတွက် ​သေနတ်တွေမသုံးပဲ ​ဓားတွေနဲ့ ​လည်လှီးသတ်ဖြတ်ခဲ့တာ ​ဖြစ်သလို ​ကြိုးတွေနဲ့ ​တုတ်နှောင်ခဲ့တာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ပြီးခဲ့တဲ့ ​ဒီဇင်ဘာလတုန်းကလည်း ​အဲဒီဒေသမှာ ​ဘိုကိုဟာရမ်အဖွဲ့က ​တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့အတွက် ​အိုးအိမ်တွေအများအပြား ​မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

သြဂုတ်လတုန်းကတော့ ​လူ ​၉၇ ​ယောက်ကို ​ဖမ်းဆီးပြီး ​၂၈ ​ယောက်ကို ​သတ်ဖြတ်ခဲ့ပါတယ်။

တခြားလူတွေကိုတော့ ​ကန်ထဲကို ​ပစ်ချခဲ့ပေမယ့် ​ချက်နိုင်ငံ ​စစ်သားတွေက ​လူပေါင်း ​၈၅ ​ယောက်ကို ​ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ​ဧပြီလတုန်းကလည်း ​ကျောင်းသူအယောက်ပေါင်း ​၂၇၆ ​ယောက်ကို ​ပြန်ပေးဆွဲထားပြီး ​အယောက်ပေါင်း ​၅၀ ​လောက်သာ ​ပြန်လည် ​လွတ်မြောက်လာခဲ့ပါတယ်။

ကျန်တဲ့ ​ကျောင်းသူတွေကို ​လွတ်ပေးဖို့ ​ဘိုကိုဟာရမ်အဖွဲ့နဲ့ ​နိုင်ဂျီးရီးယား ​အစိုးရတို့ ​ဆွေးနွေးနေဆဲ ​ဖြစ်ကြောင်းလည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-11-24/1392429

(Credit: ABC licensed) 

No comments:

Post a Comment