(၁၀) မက်တိတ် (သို့မဟုတ်) မက်ဆူကီမှို ဒေါ်လာ ၁,၀၀၀
![](http://d18ew186stz0am.cloudfront.net/sites/default/files/Mattake%20or%20Matsuke%20Mushrooms_1.jpg)
မက်တိတ် (သို့မဟုတ်) မက်ဆူကီမှိုများမှာ အလွန်ရှားပါးသောကြောင့် ယနေ့ခေတ် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးမှိုများဖြစ်သည်။ ယင်းမှိုများကို အာရှတိုက်၊ မြောက်အမေရိကတိုက်နှင့် ဥရောပတွင် တွေ့ရလေ့ရှိပြီး အထူးသဖြင့် ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အမေရိကန်၊ ကနေဒါ၊ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့တွင် ပေါက်ရောက်လေ့ရှိသည်။ ယင်းမှိုများကို ရှာဖွေရန်ခက်ခဲပြီး ဂျပန်နိုင်ငံတွင် တစ်နှစ်လျှင် တန်ချိန်တစ်ထောင်သာ ခူးယူရရှိကြောင်း သိရသည်။
(၉) ၀က်စ်တင်ဟိုတယ် ပေါင်မုန့်လိပ် ဒေါ်လာ ၁,၀၀၀
![](http://d18ew186stz0am.cloudfront.net/sites/default/files/The%20Zillion%20Dollar%20Lobster%20Fritatta_0.jpg)
နယူးယောက်မြို့ရှိ ၀က်စ်တင်ဟိုတယ် စားဖိုမှူးချုပ် ဖရန့်တူဂျာဂူး ဖန်တီးထားသော ပေါင်မုန့်လိပ်တွင် အသားများသော မှိုတစ်မျိုးမှ ထုတ်လုပ်ထားသည့် ခရင်မ်နှင့် ရွှေရောင်အရွက်များရှိသည့် ဂိုဂျီဘယ်ရီသီးဖြင့် စီမံထားသော ရီဆလင်းဂျယ်လီတို့ ပါဝင်သည်။ ယင်းအီတလီမှိုမျိုးမှာ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး မှိုများအနက် တစ်ခုဖြစ်သည်။ ယင်းမှိုများသည် အီတလီနိုင်ငံ အယ်လ်ဘာမြို့ရှိ ၀က်သစ်ချပင်များအောက်တွင်သာ ပေါက်ရောက်လေ့ရှိသည်။ ယင်းမှိုမှ တိရစ္ဆာန်တို့ထုတ်လွှတ်သော ဓာတုဒြပ်ပေါင်းတစ်မျိုးကဲ့သို့ အနံ့ထွက်၍ ခွေးများနှင့် ၀က်မများ အသုံးပြု၍ ယင်းမှိုများကို ရှာဖွေရကြောင်း သိရသည်။
(၈) ပုစွန်တုပ်ကြက်ဥကျော် ဒေါ်လာ ၁,၀၀၀
![](http://d18ew186stz0am.cloudfront.net/sites/default/files/Lobster-Fritatta_0.jpg)
ကြက်ဥခြောက်လုံးတွင် ဆီဗရူဝါငါးကြီးဥဆားနယ် ဆယ်အောင်စနှင့် ပုစွန်တုပ်ခြေထောက်များ ရောမွှေကာ နယူးယောက်မြို့ လီပါကာမာရီဒဟိန်း ဟိုတယ်မှ စားသောက်ဆိုင်တစ်ဆိုင်က ဖန်တီးထားသော ပုစွန်တုပ်ကြက်ဥကျော်မှာ နာမည်ကြီးစားစရာ တစ်မျိုးဖြစ်ပြီး တစ်နှစ်လျှင် ပွဲသေးအကြိမ် ၅၀ ခန့်မှာယူမှုရှိကြောင်း သိရသည်။
(၇) ၀ါဂ်ယုအမဲသား ဒေါ်လာ ၂,၈၀၀
![](http://d18ew186stz0am.cloudfront.net/sites/default/files/Craftsteak%E2%80%99s%20Wagyu%20Ribeye%20Steak_0.jpg)
ဝါဂ်ယုအမဲသားတွင် အိုမီဂါ ၃ နှင့် အိုမီဂါ ၆ ဖက်တီးအက်စစ်များပါဝင်သည်။ ဂျပန်နိုင်ငံ ယိုဂိုမြို့တွင် မွေးမြူထားသော နွားများကို အသားနူးညံ့မှုရှိစေရန် ဘီယာတိုက်ကာ ပုံမှန်နှိပ်နယ်ပေးပြီး မွေးမြူထားခြင်းဖြစ်သည်။
(၆) ဘုံဘေဆမန်ဒါရီ ခါဇာနာဟင်း ဒေါ်လာ ၃,၂၀၀
![](http://d18ew186stz0am.cloudfront.net/sites/default/files/Bombay%20Brassiere%E2%80%99s%20Samundari%20Khazana%20Curry_0.jpg)
ဘုံဘေဆမန်ဒါရီခါဇာနာဟင်းတွင် စကော့တလန် ရွှေရောင်ပုစွန်တုပ်များ၊ ကနုကမာ လေးကောင်၊ ငုံးဥ လေးဥနှင့် ရှားပါးမှိုများ ပါဝင်သည်။
(၅) ဒိုမီနီကို ကရိုလာပီဇာ ဒေါ်လာ ၄,၂၀၀
![](http://d18ew186stz0am.cloudfront.net/sites/default/files/Domenico%20Crolla%E2%80%99s%20Pizza%20Royale%20007_0.jpg)
ဒိုမီနီကို ကရိုလာမှာ စတော့တလန်စားဖိုမှူးဖြစ်ပြီး ၎င်းသည် ပီဇာဖန်တီးပြုလုပ်မှုဖြင့် နာမည်ကြီးသူဖြစ်သည်။ ၎င်းသည် ဂျုံ၊ ကော့ညတ်အရက် စိမ်ထားသော ပုစွန်တုပ်၊ ရှန်ပိန်တွင်စိမ်ထားသော ငါးကြီးဥ၊ ခရမ်းချဉ်သီးအချဉ်ရည်၊ စတော့တလန် ဆော်လမွန်ငါးကျပ်တိုက်၊ အီတလီဝက်ပေါင်ခြောက် မီးကင်နှင့် သမင်သားတို့ကို ပေါင်းစပ်ကာ အီတလီ ဗင်နီဂါတို့နှင့် ပီဇာတစ်မျိုး ဖန်တီးထားသည်။
(၄) ဒန်ဆူကီ ဖရဲသီးအနက် ဒေါ်လာ ၆,၁၀၀
![](http://d18ew186stz0am.cloudfront.net/sites/default/files/Densuke%20Black%20Watermelon_1.jpg)
အနက်ရောင်ဖရဲသီးများမှာ အလွန်ရှားပါးသော အသီးများဖြစ်သည်။ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းတွင်သာ ပေါက်ရောက်သော ဖရဲသီးအနက်ရောင်များ၏ မာကျောကြွပ်ဆတ်မှုမှာ အထူးကောင်းမွန်သည့်အပြင် အချိုအရသာမှာ နှိုင်းယှဉ်စရာမရှိဟု ဆိုသည်။ယင်းဖရဲသီးတစ်လုံးလျှင် အလေးချိန် ၁၇ ပေါင်ရှိပြီး တစ်အောင်စလျှင် ကန်ဒေါ်လာ ၆,၁၀၀ ဈေးဖြင့် ရောင်းချကြောင်း သိရသည်။
(၃) ယူဘာရီဘုရင် သခွားမသီး ဒေါ်လာ ၂၂,၇၈၂
![](http://d18ew186stz0am.cloudfront.net/sites/default/files/Yubari%20King%20Melons_0.jpg)
ယူဘာရီဘုရင် သခွားမသီးများမှာ အချိုးအစားကျကာ အချိုဓာတ်မှာလည်း အလွန်ကောင်းမွန်၍ ၀ယ်လိုအားများပြီး လေလံတင်ရောင်းချရသော အသီးမျိုးဖြစ်သည်။
(၂) အယ်လ်မာ့စ်ငါးကြီးဥ ဆားနယ် ဒေါ်လာ ၂၅,၀၀၀
![](http://d18ew186stz0am.cloudfront.net/sites/default/files/Almas%20Caviar_0.jpg)
အီရန်နိုင်ငံမှ ငါးကြီးဥဆားနယ်မှာ အလွန်ရှားပါးပြီး ဈေးလည်း အလွန်ကြီးသော အစားအစာတစ်မျိုးဖြစ်သည်။ ယင်းငါးဥမျိုး ရောင်းချသော ဆိုင်တစ်ဆိုင်တွေ့ရန်မှာ ကောက်ရိုးပုံထဲ အပ်ရှာသကဲ့သို့ ခက်ခဲရှားပါးသည်။ ယင်းငါးဥ တစ်ကီလိုရောင်းဈေးမှာ ကန်ဒေါ်လာ ၂၅,၀၀၀ ဖြစ်သည်။
(၁) အီတလီ အယ်လ်ဘာမှိုဖြူ ဒေါ်လာ ၁၆၀,၄၀၆
![](http://d18ew186stz0am.cloudfront.net/sites/default/files/Italian%20White%20Alba%20Truffle_0.jpg)
မှိုများ၏ဘုရင်ဟု အချို့က ခေါ်ကြသည်။ အီတလီအယ်လ်ဘာမှိုဖြူများမှာ စိုက်ပျိုးဖြစ်ထွန်းရန် အလွန်ခက်ခဲသည်။ ဟောင်ကောင်မှ လက်လီရင်းနှီးမြှုပ်နှံသည့် ဇနီးမောင်နှံက ယင်းမှိုဖြူ ၁ ဒသမ ၅၁ ကီလိုကို ကန်ဒေါ်လာ ၁၆၀,၀၀၀ ကျော်ပေး၍ ၀ယ်ယူခဲ့ဖူးသည်။
__Ref : Financesonwre.com
No comments:
Post a Comment