Friday, 14 November 2014

ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ပေးရန် သမ္မတဦးသိန်းစိန်ကို တိုက်တွန်းသွားမည်ဟု ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းပြော


နိုဝင်ဘာ ၁၃ရက်တွင် နိုင်ငံတော်သမ္မတ
ဦးသိန်း စိန်နှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်
ရှိ ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ပေး ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ကွန်ဗင်းရှင်း
 ဗဟိုဌာနတွင် ပြုလုပ် သော သတင်းစာရှင်း


လင်းပွဲတွင် ဘန် ကီမွန်းက ပြောကြားသည်။

အဆိုပါ ဘင်္ဂါလီများကို နိုင်ငံ သားဖြစ်ခွင့် ဥပဒေနှင့်အညီ နိုင်ငံသား ဖြစ်ခွင့်ပေးရေးတိုက်တွန်းသွားမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂတွင်လူနည်း စုနှင့်ပတ်သက်သည့် အခွင့်အရေး၊ စည်းမျဉ်းစည်းကမ်းရှိကြောင်း ၄င်းက ဆက်လက်ပြောသည်။

''မြန်မာနိုင်ငံအနေနဲ့ ပြုပြင် ပြောင်းလဲရေးတွေလုပ်တဲ့အခါ တိုး တက်လာတဲ့ အတွက်ရော အာဆီယံ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံမှာက ဒီရိုဟင်ဂျာ ပြဿနာဟာ Sensitive ဖြစ်စဉ် တစ်ခုဖြစ်နေတယ်။ ရိုဟင် ဂျာလို့သုံးနှုန်းရတာက နိုင်ငံတကာ နှင့် ကုလသမဂ္ဂမှာ ဘင်္ဂါလီလို့ မသိထား ပါဘူး။ ရိုဟင်ဂျာလို့ပဲသိထားလို့ပါ'' ဟု၎င်းက ဆိုသည်။

Democracytoday

No comments:

Post a Comment