Monday, 24 November 2014

ဟီလာရီကလင်တန်သည် ကြီးကျယ်ထင်ရှားသည့်သမ္မတဖြစ်လာမည်ဟု ဘားရက်အိုဘားမားဆို

ဟီလာရီကလင်တန်အနေဖြင့် ၂၀၁၆ တွင် သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်မည်ဆိုပါက လွန်စွာ ကြီးကျယ်ထင်ရှားသည့် သမ္မတတစ်ဦး ဖြစ်လာမည်ဟု သမ္မတ ဘားရက်အိုဘားမားက ထုတ်ဖော် ပြောဆို လိုက်သည်။

အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်သည့် မစ္စက်ကလင်တန်သည် ၂၀၀၈ ခုနှစ်အတွင်း ဒီမိုကရက်တစ် သမ္မတလောင်း အဖြစ် မဲဆွယ်စည်းရုံးရာတွင် သမ္မတအိုဘားမားကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

သူမအနေဖြင့် သမ္မတအဖြစ် ထပ်မံယှဉ်ပြိုင် ခြင်း ပြု၊ မပြုနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ကြေညာသွားဖွယ်ရှိသည်ဟု နိုင်ငံရေးကျွမ်းကျင်သူ များက ခန့်မှန်းထားသည်။

သမ္မတအိုဘားမားက မစ္စက်ကလင်တန်အား မိတ်ဆွေသူငယ်ချင်းတစ်ဦးဟူ၍ ရည်ညွှန်းကာ သူမနှင့်ပုံမှန် စကားပြောဆိုဖြစ်သည်ဟု အေဘီစီသတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောဆိုထားသည်။

ဒီမိုကရက်တစ်ပါတီမှ ထင်ရှားသော ပုဂ္ဂိုလ်များအနေဖြင့် သမ္မတရွေးကောက်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်ကြမည်ဟု သမ္မတအိုဘားက ဆိုသည်။

သို့သော် အဆိုပါ ပုဂ္ဂိုလ်များအနက် သမ္မတအိုဘားမားက မစ္စက်ကလင်တန်တစ်ဦးကိုသာ အမည်ထုတ်ဖော်၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သမ္မတဟောင်း ဘီလ်ကလင်တန်၏ဇနီး မစ္စက်ကလင်တန်အနေဖြင့် မိမိနှင့်မတူညီသော အရာများကို ဆောင်ရွက်ဖွယ်ရှိသည်ဟူ၍လည်း သမ္မအိုဘားမားက မှတ်ချက်ပြုပြောဆိုခဲ့ကြောင်း သိရသည်။

Ref:BBC

(စည်သူကျော်စွာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf

No comments:

Post a Comment