Thursday, 20 November 2014

'' တန်ဖိုးမရှိတဲ့ပါးစပ်အသိဥာဏ်မရှိတဲ့ဦးနှောက်နဲ့ ဘာသာ သာသနာကိုစော်ကား တိုင်းပြည်ကိုဖျက်ဆီးနေသူ ''''


ဒီမိုကရေစီဗျ … ကျုပ်ပြောချင်ရာ ပြောမှာပေါ့တဲ့…
စကထဲက ယဉ်သကို ဆိုသလိုတော့ဖြစ်နေပြီ။
ဟုတ်လိုက်တာလေ…. ကြားရနာရတဲ့ စာရေး
သူတို့တောင် ကြက်သီးမွေးညှင်းထမိလေရဲ့…
ဘာဖြစ်လို့လဲဆိုတော့ စစ်ကိုင်းတိုင်း၊
 ချောင်းဦးမြို့နယ်၊ ကမ်းနိမ့်ကျေးရွာ(ခ)



သုံးပန်လှကျေးရွာမှာ ကျင်းပပြုလုပ်တဲ့ စာပေဟောပြောတစ်ခုမှာ စာဟောဆရာ လို့ခေါ်သလား စာရေးဆရာလို့ ခေါ်သလား ဘယ်လိုခေါ်သလဲမသိတဲ့ ထင်လင်းဦး ရဲ့ ပွဲစကတည်းက ရမ်းချင်ရာရမ်းနေတဲ့ ဟောပြောချက်တွေဟာ တော်တော်ကို ရွှေဥာဏ်တော်စူးရောက် နေမှန်းသိ လိုက်ရတဲ့အတွက်ပါ။ စာပေပညာရှင်မဟုတ်ပါဘူးလို့ ကိုယ့်ကိုယ်ကို ကြွေးကြော်ပြီး ဘာဖြစ်လို့ စင်ပေါ်တက်ပြီး ပြောနေ မှန်းကိုမသိပါဘူး။


စာရေးသူလည်း သူ့ဟောပြောချက်တွေကို နှစ်ခါပြန်နားမထောင်ရဲဘူးရယ်။ ဟုတ်တယ်လေ …. လူကြီးတွေပြော သလို အနန္တော အနန္တငါးပါးကို စော်ကားလို့ မြေမြိုကြေးဆိုရင် သူ့ဟောပြောချက်ကို နားထောင်မိတဲ့ကိုယ်ပါ မြေမြိုခံရမှာ။ စာပေဟော ပြောပွဲစင်မြင့်ရဲ့အောက်မှာ လာပြီး ဗဟုသုတယူ၊ လာပြီး လေ့လာနေကြတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ် ဟောပြောရတဲ့ ပွဲရဲ့ဂုဏ်သိက္ခာကိုမှ မထောက် ဘုရားကစပြီး အနန္တော အနန္တငါးပါးကို စော်ကားသွားလိုက်တာ နောက်ဆုံးပြောရရင် သူ့အဖေတောင်မချန်ပါဘူး။ ဒီလိုလူမျိုးကို ဘာဖြစ်လို့များ ဆရာတော် ဦးဝိစာရအခမ်းအနားမှာ ဘယ်လိုလူက ရွှေဥာဏ်တော်စူးရောက် ပြီး စင်ပေါ်တင်ပေးလိုက်တယ်မသိဘူး။

 အဲဒီရွာက ရွာသူရွာသားများ အယူမှားပြီး အဓမ္မ၀ါဒတွေ ဖြစ်ကုန်မှာတောင်စိုးရိမ်မိတယ်။ တစ်ခုတော့ အကြံပေးလိုက်ချင်ပါတယ် ဆရာကြီး ထင်လင်းဦးရယ်။ သူများ အိမ်က ကြက်ကို ခိုးချင်ရင် ကိုယ့်အိမ်ကကြက်ကို လုံအောင်ထားရတယ်။ “မသိနားမလည်တဲ့သူတွေကို စဉ်းစားပါတွေးခေါ် ပါလို့ မပြောဘဲ အသိတရားနဲ့ မှိုင်းတိုက်တဲ့သူတွေကို အရွံဆုံးပဲ”  ဆိုပြီး ရိုးသားတဲ့တောသူတောင်သားတွေကို အသိဥာဏ် မှိုင်း တိုက်ခဲ့တာ ဆရာကြီး ထင်လင်းဦး ကိုယ်တိုင်ဆိုတာ ငြင်းချင်သေးပါသလား။


 “အဖေက သားသမီးဆုံးမချင်ရင် အဖေ က သားသမီးထက်တတ်နေမှဖြစ်မှာပေါ။ ဆရာလည်းဒီတိုင်းပဲ” ဆိုတဲ့ ဆရာကြီး ထင်လင်းဦး ကရောအဘယ်မျှလောက် တတ်သိနေပါသလဲ။ ဘယ်လောက် အကျင့် သီလ ကောင်းပါတယ်လို့ အာမခံရဲပါသလဲ။ အဘဆရာကြီး ဦးသုခ ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။


“အမေ ဟာ မိန်းမရွှင် တစ်ယောက်ဖြစ်နေပါစေ.. အမေ ဟာ အမေပါပဲ” တဲ့။ ဒါပေမယ့် ဆရာကြီး ထင်လင်းဦးက ကိုယ့်ကို လူ့ လောက ထဲရောက် လာအောင် မွေးထုတ်ပေးလိုက်တဲ့ အဖေနဲ့ အမေ ရဲ့ ကျေးဇူးတရားကို “ဟိုဒင်း အ၀ှာ ပြုရုံနဲ့” ဆိုတဲ့စကားနဲ့ ကျေးဇူးဆပ်ခဲ့တဲ့ ဆရာကြီးထင်လင်းဦးရဲ့ ကိုယ်ကျင့်သီလ နဲ့ နှုတ်ထွက်စကားရင့်သီးမှု၊ တနည်းအားဖြင့် ဖရုဿဝါစာ ဝေါဟာရကြွယ်ဝမှု ဟာလည်း အင်မတန်မှ လေးစားစရာ ကောင်းလှပါတယ်။


“ပြောတာက တရားဓမ္မ၊ လုပ်တာက မဟားတရား၊ ပြီးရင်ကိုယ်က ၀တ်ထားတဲ့ဝတ်စုံနဲ့ လူတွေကို လှိမ့်ပိတ်၊ ဟိန်း ဟောက်ပြီးတော့ မတော်မတရားပြောချင်တဲ့သူတွေကို ကျွန်တော်အလွန်ရွံတယ်” ဆိုတဲ့ဆရာကြီး ဦးထင်လင်းဦးကိုယ်တိုင် သိထားဖို့က တခြားမဟုတ်ပါဘူး။

 ဟောပြောတဲ့ပွဲက ဦးဝိစာရမွေးနေ့ပွဲ၊ ပြောနေတာက အရူးချီးပမ်း၊ ပြီးရင် ကိုယ့်နေရာ၊ ကိုယ့်ရဲ့တာဝန်ကိုမလေးစား လူတွေကို လှိမ့်ပိတ်၊ ဟိန်းဟောက်ပြီးတော့ အသိဥာဏ်ကိုမတော်မတရားမှိုင်းသွင်းတဲ့ ဆရာကြီး ဦးထင်လင်းဦး လိုလူစားမျိုးကိုလည်း ပရိသတ်ကရွံမှာတော့ သေချာတယ်ဆိုတာပါပဲ။

 တကယ်တော့ ဆရာကြီး ဦးထင်လင်းဦး ရဲ့ စကားက ကိုယ့်ရဲ့တန်ဖိုးနဲ့ ကိုယ့်ရဲ့အဆင့်အတန်းကို  ဖော်ပြနေတာပါပဲ။ နောက်တစ်ချက်အကြံပေးချင် တာကတော့ ဆရာကြီးထင်လင်းဦးရဲ့ အင်မတန်မှ တန်ဖိုးရှိတဲ့စကားလုံးများဟာ မြန်မာ့လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းခဲ့တဲ့ အမျိုးသားရေးဝါဒီ ဆရာတော်ဦးဝိစာရမွေးနေ့ပွဲမှာ မဟောပြောသင့်ပါဘူး။

 ဘာဖြစ်လို့လဲ ဆိုတော့ စာပေဟောပြောပွဲမှာ သုံးသင့်တဲ့စကားလုံးတွေမဟုတ်ဘဲ ငါးစိမ်းတန်းမှာ ရန်တွေ့ တဲ့အခါ သုံးသင့်တဲ့ စကားလုံးများ ဖြစ်နေလို့ပါပဲ။

ဆရာတော်ဦးဝိစာရ ရဲ့နောက်ဆုံးစကားတစ်ခွန်းရှိပါတယ်ဆရာကြီးရယ်။ ဆရာတော်ရဲ့အကြောင်းတွေကို မလေ့လာမိလို့ စာပေဟောပြောပွဲမှာ ပြောမိပြောရာပြောရပါတယ်ဆိုရင် စကားလက်ဆောင်ပေးလိုက်ပါ့မယ်။ ဆရာတော် ဦးဝိစာရရဲ့ နောက်ဆုံးစကားက “လိမ်မာရစ်ကြပါ” တဲ့ခင်ဗျာ။ ဘာဖြစ်လို့များ ဆရာတော်ရဲ့စကားကိုမလိုက်နာပဲ ဆရာတော့် မွေးနေ့မှာမှ မိုက်ရိုင်းရတာလဲဗျာ။


“အခုမြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်ပါဆိုတဲ့ လူတွေက အဲဒီမြတ်စွာဘုရားရဲ့ သင်္ကန်းတော်ကြီးကို ခြုံပြီးတော့ ငါပြောတာအမှန်..ငါပြောတဲ့အတိုင်းလုပ်လို့ ပြောနေတာ မှန်သလား … မှန်သလား” ဆိုပြီးဘာဖြစ်လို့များ စင်မြင်ပေါ်ကနေ ဟိန်းဟောက်နေရတာလဲဆရာကြီးရယ်။ ဒီလောက်လေးတောင်မှ ဆရာကြီးမှာ စဉ်းစားဆင်ခြင်ဥာဏ်မရှိ ဘူးလား။

 မြတ်စွာဘုရားရဲ တပည့်သားသံဃာတော်တွေက မြတ်စွာဘုရားရှင်ပညတ်တော်မူခဲ့တဲ့ (၂၂၇) သွယ်သော သိက္ခာပုဒ်တွေ၊ တနည်းအားဖြင့် စည်းမျဉ်းစည်းကမ်းဘောင်တွေထဲမှာပဲ နေတဲ့အရှင်သူမြတ်တွေရယ်ပါ။

အဲဒီသိက္ခာပုဒ်တွေဘယ်လောက်နူးညံ့သိမ်မွေ့တယ်ဆိုတာကိုတော့ ပုတ္တပရိစ္စာဂ တို့ဘာတို့ ပါဠိလို ရွတ်ပြနေတဲ့ဆရာကြီး သိချင်လည်းသိမှာပါ။ အဲဒီလို နူးညံ့သိမ်မွေ့သော စည်းမျဉ်းစည်းကမ်းဘောင်ထဲက သံဃာတော်တွေက ဘယ်နှစ်ခါများ နိုင်ငံရေး၊ စီးပွားရေး၊ ဆရာကြီးတို့ရဲ့ ဒီမိုကရေစီရေးတွေမှာ ၀င်ပြီး ဟိန်းဟောက်နေတာမျိုးကို ဆရာကြီးတွေ့ဖူးပါသလဲ။ တခုတော့ ရှိပါတယ်။


အမျိုးသားရေးကို ဆရာကြီးနားမလည်သေးသမျှတော့ အမျိုးသားရေးဝါဒီ သံဃာတော်အရှင်သူမြတ် များအပေါ်မှာတော့ ဟိန်းဟောက်နေတယ်လို့ထင်မြင်ကောင်းထင်မြင်နိုင်ပါတယ်။ ဒါဟာလဲ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှ ရေးလို့တွင်တွင်အော်တတ်တဲ့ ဆရာကြီးရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပါ။ ဆက်ပြီးမှားခွင့်ရှိပါတယ် ဆရာကြီးရယ်။


“သေချာတာက မြတ်စွာဘုရားသည် ကျွန်တော်တို့ နိုင်ငံထဲက တိုင်းရင်းသားဟုတ်လို့လား… မဟုတ်ဘူးနော်”
“ကောင်းပြီ … ကျွန်တော်တို့ ဒီနေ့ကစပြီးမကိုးကွယ်ကြနဲ့တော့.. ခင်ဗျားတို့ အမျိုးချစ်ရင် မြတ်စွာဘုရားမကိုး ကွယ်ကြနဲ့တော့.. ကျုပ်တို့ အမျိုးမဟုတ်ဘူး.. မြတ်စွာဘုရား ရခိုင်မဟုတ်ဘူးလေ.. မြတ်စွာဘုရား ရှမ်းမဟုတ်ဘူး.. မြတ်စွာဘုရားမြန်မာအမျိုးသားမဟုတ်ဘူး”  တဲ့။


မှတ်ထားဦးတော့ စာရေးဆရာကြီးရေ ကျုပ်တို့က မြတ်စွာဘုရားကို ကိုးကွယ်တယ်ဆိုတာ နိဗ္ဗာန်ရောက်ကြောင်းကို ညွှန်ပြတတ်လို့၊ သစ္စာလေးပါးတရားတို့ကို ကိုယ်တိုင်ကိုယ်ကျ ရှာဖွေတွေ့ရှိပြီး နည်းပေးလမ်းပြပေးတော်မူခဲ့လို့၊ မကောင်းမှုကို ဆိတ်ကွယ်ရာအရပ်မှာ ပြုတော်မမူတတ်လို့၊ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတရားတွေကို  ကင်းစင်တော်မူလို့ ဆရာအဖြစ်နဲ့ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ရည်မှန်းပြီး ရုပ်တုတော် ထုလုပ်ပြီး ကိုးကွယ်ခဲ့တာပါဗျာ။


 အကျယ်တ၀င့်သိချင်ရင် ဆရာကြီးရေ ဘုရားဂုဏ်တော်ကိုးပါးကို ပါဠိ မြန်မာ ပြန်လေးရှာဝယ်ပြီး ဖတ်ကြည့်ပါလားလို့ အကြံပေးပါရစေ။


“အဲဒီတရားတွေထဲမှာ ဟိုလူမျိုးကိုသတ် မုတ်ဆိတ်မွေးနဲ့မို့လို့ ဟိုလူမျိုးကိုပေါင်း မျက်စိမှေးမှေးလေးနဲ့ အသားဖြူဖြူ နဲ့မို့လို့ ဆိုပြီး ပါလား” တဲ့ မေးမှမေးတတ်လေဆရာကြီးရယ်။

အဲဒီလိုမျိုးမေးတတ်မယ်လို့ကိုမထင်ဘူး။ ကျုပ်တို့ ဗုဒ္ဓဘာသာတရားတော်ထဲမှာ ဆရာကြီးပြောသလိုမျိုးတွေမပါပါဘူး ဆရာကြီးရဲ့။ ဒါပေမယ့် ဆရာကြီး ဆရာတွေရဲ့ ကျမ်းစာတွေမှာတော့ မပြောတတ်ဖူးပေါ့ဆရာကြီးရယ်။ ဆရာကြီးရော အဲဒီကျမ်းစာကိုတောင်းရမ်းပြီးလေ့လာ ကြည့်ပါလား။


မင်္ဂလသုတ်ထဲက ဥဇုစ သုဥဇုစ လို့ ဆရာကြီးပြောသွားတယ်နော်။ အဲဒီလိုပဲ မင်္ဂလာသုတ်ထဲ က အသေ၀နာစ ဗာလာနံ ဆိုတာကိုရော ဆရာကြီးနားလည်ပါရဲ့လား။ ကျုပ်တို့ ဗုဒ္ဓဘာသာတရားမှာတော့ သူ့အသတ်ကို သတ်ဖြတ်ပါလို့ ဟောမထားပါဘူး။ ပါဏာတိပါတ၊ သူ့အသက်သတ်ခြင်းကို ဝေရာမဏိ ဝေးစွာရှောင်ကြဉ်ပါ၏လို့ ဆိုထားပါ တယ်။

အဲဒီလိုပဲ ဗာလာနံ လူမိုက်များကိုတော့ လူမိုက်ဆိုလျှင်ရှောင်သွေလွှဲလို့ မမှီဝဲနဲ့ကင်းအောင်နေ ဆိုသလို ကျုပ်တို့က ကိုယ့်တိုင်းပြည်အပေါ်မှာ ကောင်းကျိုးမပေးလူမိုက်တွေနဲ့ ဝေးဝေးရှောင်တာကို ဆရာကြီးက ဘာဖြစ်လို့များ အိုးကမပူ စလောင်းကပူ ဖြစ်နေရတာလဲ။


“သာကီမျိုးဟာမို့လို့ ပြောတိုင်းပြောတိုင်း အစ်ကိုကနှမကို မိန်းမလုပ်တာ သာကီမျိုးလို့ခေါ်တယ်” “ကိုယ့်နှမ ကိုယ်ယူတဲ့အမျိုးကို သာကီမျိုးလို့ ခေါ်တယ်”ဟု ဆရာကြီးရဲ့ အင်မတန်ကြီးကျယ်မြင့်မြတ်လှတဲ့ မဟာရွှေဥာဏ်တော်ကြီး စူးရောက်ပြီး အဓိပ္ပာယ်ဖွင့်ထားတဲ့ သကျသာကီဝင်မျိုးမဖြစ် အောင်လို့များ ဆရာကြီးကိုယ်တိုင် မိမိရဲ့နှမများအား ထိုဗာလာနံများအား ပေးထားခြင်းဖြစ်ပါသောကြောင့်လော။


 တကယ်တော့ သာကီမျိုးဆိုတာ အခြားတပါးသော သွေးများအနှောမခံဘဲ၊ ဘာသာတူခြင်း၊ မျိုးနွယ်တူခြင်း ထိမ်းမြားခြင်း ကို သာကီမျိုးလို့ခေါ်ပါတယ် ဆရာကြီးရေ။ နောက်တစ်ခါများ ပိဋကတ်တော်ကို လေ့လာမယ်ဆိုရင် သေသေချာချာလေ့လာပါခင်ဗျာ။ ကိုယ့်မှာရှိတဲ့ ဦးနှောက်သေး သေးလေးကို သူများတွေရယ်စရာဖြစ်အောင် ထုတ်မပြပါနဲ့။


နောက်တစ်ခုက ဆဒ္ဒါန်ဆင်မင်းဇာတ်တော်ထဲမှာ သောနုတ္ထိုရ်မုဆိုးဟာ သင်္ကန်းဝတ်ခဲ့တာမဟုတ်ပါဘူး။ သင်္ကန်းကိုသူနဲ့တပါတည်း ဆောင်ယူသွားတာပါ။ ဆရာကြီး ပြောတဲ့ ဦးပုည စာထဲကလို ဘူမိမြေရပ်ခွာတော်နဲ့ရှပ်လိုက်တဲ့ အခါ သောနုတ္ထိုရ်မုဆိုးက သူ့ကို အန္တရာယ်ပြုမှာစိုးလို့ သူ့မှာပါလာတဲ့သင်္ကန်းကို ဆဒ္ဒန်ဆင်မင်းရဲ့ နှာမောင်းပေါ်တင်ပေး လိုက်တာပါ။

သာသနာ့အောင်လံ သင်္ကန်းကိုမြင်လိုက်တဲ့ ဆဒ္ဒန်ဆင်မင်းက သောနုတ္ထိုရ်ကို အသက်ချမ်းသာပေးလိုက်ပါ တယ်။ ဆဒ္ဒန်ဆင်မင်းဟာ ပါရမီတော်တွေကို ဖြည့်ကျင့်နေတဲ့ ဘုရားလောင်းနုစဉ်ဘ၀ဆိုပေမယ့် ဆင်ဆိုတဲ့ တိရိစ္ဆာန်တစ်ကောင် ရယ်ပါ။ ဒါပေမယ့် အဲဒီတိရိစ္ဆာန်ကတောင် သင်္ကန်းကိုမြင်ရုံနဲ့ ကြည်ညိုစိတ်ဖြစ်မိပေမယ့် “ဗုဒ္ဓဘာသာကို သင်္ကန်းဝတ်တွေ ဖျက်ဆီးနေတာ၊

ဒီလိုချည်း ပတ်လာတဲ့လူကြီးက ဒို့က သာကီမျိုးကွလို့ အော်တော့ မင်းနဲ့ ငါနဲ့ ဆံပင်ရှိတာနဲ့ ဆံပင်မရှိတာပဲ ကွာတယ် ဟကောင်ရဲ့”လို့ ပြောချင်ပါတယ်ဆိုတဲ့ ဆရာကြီးဟာ တိရိစ္ဆာန်လောက်တောင် အသိဥာဏ်မရှိတာကို တွေ့ရတော့ တော်တော်လေးတော့ စိတ်မကောင်းဖြစ်မိပါတယ်။


တကယ်တော့ ဒါဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကမ်းနိမ့်ကျေးရွာ(ခ) သုံးပန်လှကျေးရွာမှာ ပြုလုပ်သွားတဲ့ စာပေဟောပြောပွဲထဲက စာပေပညာရှင်မဟုတ်ပါဘူးလို့ ကိုယ့်ကိုယ်ကို ဟစ်ကြွေးပြီး ဟောပြောပွဲစင်မြင့် ပေါ်ကနေ ဘုရား၊ တရား၊ သံဃာ၊ ဆရာ၊ မိဘ တွေကို အယူမှားစော်ကားကာ ပြောချင်ရာပြောသွားတဲ့ အရိုင်းထဲက အယဉ်စာသားများကို ထုတ်နှုတ်ထားခြင်းပဲဖြစ်ပါတယ်။

ကျင်းပတဲ့စာပေဟောပြောပွဲက ကမ်းနိမ့်လို့ခေါ်တဲ့ သုံးပန်လှရွာသား ဆရာတော်ဦးဝိစာရမွေးနေ့အထိမ်းအမှတ်ဟောပြောပွဲပါ။ ဒါပေမယ့် ဒီစာပေဟောပြောပွဲမှာ မိုက်ကရိုဖုန်း တစ်လုံးကို ယုံယုံကြည်ကြည်ပေးအပ်မိလို့ ဆွမ်းဆန်ထဲ ကြွက်ချီးရောရတဲ့အဖြစ် ကိုရောက်သွားပါတယ်။

ဒီလို လူမျိုးတစ်ယောက်ရဲ့ လက်ထဲကို နိုင်ငံတစ်ခုကို ယုံယုံကြည်ကြည်ပေးအပ်လိုက်မိပါက ဘာဖြစ်သွားနိုင်ပါသနည်း။

 ဒီလို လူမျိုးအတွက်ကြောင့်များ တိုင်းပြည်ရဲ့အနာဂတ်ပန်းပွင့်လေးတွေ ဘယ်လောက်များ အယူမှားပြီး အသိဥာဏ်တွေမှိုင်း အသွင်းခံရပြီးပြီလဲ။

မိုက်ကရိုဖုန်းတစ်လုံးကိုင်ပြီး ငါ့စကားနွားရပြောချင်တိုင်းပြောနေတဲ့လူတစ်ယောက်မှာ နိုင်ငံတော်တစ်ခု၊ စာပေဟောပြောပွဲမှာ လာရောက်နားထောင်ကြသူတစ်စု၊ တိုင်းပြည်ရဲ့အနာဂတ်ပန်းပွင့်လေးတစ်ဆုပ်ကို  ဘာများ အကျိုးပြုနိုင်စရာအရည်အချင်း ရှိပါမည်လဲ။


 ဆရာတော်ဦးဝိစာရဘုရား.. အရှင်ဘုရား၏ မွေးနေ့အထိမ်းအမှတ် စာပေဟောပြောပွဲမှာ “လိမ္မာရစ်ကြပါ” ဆိုတဲ့စကားအတိုင်း “မိုက်ကရိုဖုန်းကိုင် လူထုကို “လိမ်” ကာ မျက်နှာထား “မာ” ပြီး အသိဥာဏ် အယူမှားနဲ့ မူး “ယစ်” နေတဲ့သူတစ်ယောက် စာပေဟောပြောပွဲမှာ သောင်းကျန်းနေကြောင်းပါဘုရား…..”

ဖိုးဇော် (ဥက္ကလာ)
ရွှေမြန်မာမီဒီယာ

No comments:

Post a Comment