Tuesday, 18 November 2014

ထိုင်းစစ်ရဟတ်ယာဉ် ပျက်ကျ၊ ၉ ဦး သေဆုံး

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ စစ်ရဟတ်ယာဉ်တစီး ပျက်ကျခဲ့လို့ လိုက်ပါလာသူ စစ်တပ် အရာရှိကြီးတွေ အပါအ၀င် ရဟတ်ယာဉ်ပေါ်ပါသူ ၉ ဦးစလုံး သေဆုံး ခဲ့ပါတယ်။

အင်ဂျင် ၂ လုံးတပ် Bell 212 စစ်ရဟတ်ယာဉ်ဟာ ဖာရိုခရိုင်ထဲကမှာ နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းမှာ ဖာရိုခရိုင် စစ်တပ် အခြေစိုက်စခန်းကနေ ပျံတက်အပြီး ၁၀ မိနစ်အတွင်း ပျက်ကျခဲ့တာလို့ စစ်တပ်ရဲ့ ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

ရဟတ်ယာဉ် ပျက်ကျလို့ သေဆုံးသွားတဲ့အထဲမှာ အမှတ် ၃ ထိုင်းစစ်တပ်က တပ်မှူးဖြစ်တဲ့ ဗိုလ်မှူးချုပ်တဦးလည်း လိုက်ပါသွားခဲ့ပါတယ်။ ပျက်ကျရတဲ့ အကြောင်းအရင်းကို သေသေချာချာ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ် ရဟတ်ယာဉ်တွေ ပျက်ကျဖူးတဲ့ အစဉ်အလာ ရှိနေပြီး ၂၀၁၁ ခုနှစ်တုန်းက ၃ ကြိမ် ပျက်ကျခဲ့လို့ လူ ၁၇ ဦး သေဆုံးခဲ့ဖူးပါတယ်။

ဒီဖြစ်စဉ်ကြောင့် စစ်တပ်ရဲ့ Bell212 ရဟတ်ယာဉ်အုပ်စုကို မြေချ စစ်ဆေးခဲ့ရဖူးပါတယ်။

ဒီဗွီဘီ
https://www.facebook.com/DVBTVNews

No comments:

Post a Comment