နိုင်ငံတကာ အမျိုး သမီးများ အပေါ် အကြမ်း ဖက်မှု တိုက်ဖျက်ရေး နေ့နဲ့ တိုက်ဆိုင်စွာ မြန်မာ အမျိုးသမီး သမဂ္ဂအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အစီရင်ခံစာအရ တိုင်းရင်းသား ဒေသက မြန်မာ အမျိုးသမီးတွေကို စစ်တပ်က အဖွဲ့လိုက် မုဒိမ်းကျင့်မှုတွေ ပြုလုပ် နေဆဲဖြစ်ပြီး အဲဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇာဝတ်မှူနဲ့ လူသားများအပေါ် ကျူးလွန်တဲ့ ပြစ်မှုတောင် သက်ရောက်နိုင်တယ်လို့ ပြောပါတယ်။
အဲဒီအစီရင်ခံစာထဲမှာ အပစ်အခတ် ရပ်စဲရေးယူထားတဲ့ ဒေသနဲ့ အပစ်အခတ် ရပ်စဲရေးမယူရသေးတဲ့ ဒေသက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံရတဲ့ အမျိုးသမီး ၁၁၈ ယောက်ကို တွေ့ဆုံပြီး သူတို့ရဲ့ ပြောပြချက်ကို မှတ်တမ်းတင် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
မြန်မာလူမှုအသိုင်းအဝိုင်းအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံရတဲ့ ကိစ္စတွေကို တိုင်ကြား ပြောဆိုလေ့မရှိတဲ့အတွက် အမှန်တကယ် မတရားပြုကျင့်ခံရတဲ့ အမျိုးသမီးတွေဟာ အယောက် ၁၀၀ ထက်မက များပြားနိုင် တယ်လို့လည်း ပါရှိပါတယ်။
ကချင်၊ ကရင်၊ မွန်၊ ချင်း၊ ရှမ်းနဲ့ ကယား (ကရင်နီ) ဒေသမှာ မြန်မာစစ်တပ်က မုဒိမ်းကျင့်တာတွေ လုပ်တာဖြစ်ပြီး အသက် ၈ နှစ်အရွယ် ကလေးမတွေတောင် အကြမ်းဖက်ခံရတာ ရှိတယ်လို့ ဆိုပါတယ်။
လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်မှုတွေကို မြန်မာ စစ်တပ်အရာရှိတွေကိုယ်တိုင် လုပ်ဆောင်တာဖြစ်ပြီး တိုင်တန်းမှုတွေ လုပ်တဲ့အခါမှာတော့ ကံယာကံရှင်ရဲ့ အိမ်ကို သွားပြီး တောင်းပန်တာတွေ၊ ဒါမှမဟုတ် လျော်ကြေးပေးတာတွေသာ လုပ်လေ့ရှိတယ်လို့ လားဟူအမျိုးသမီးအဖွဲ့က ပြောပါတယ်။
စစ်သားတွေ ဝိုင်းပြီး မုဒိမ်းကျင့်တယ်လို့ တိုင်တန်းတဲ့အခါမှာတော့ ပြစ်မှု ကျူးလွန်သူတွေကို အပြစ်ပေးခြင်းမရှိပဲ တခြားဒေသကို ပြောင်းရွှေ့ပို့ဆောင်တာမျိုးသာ လုပ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-11-26/1393275
(Credit: AFP) |
No comments:
Post a Comment