Tuesday, 11 November 2014

အမြန်လမ်းတွင် မှန်လုံယာဉ်တိမ်းမှောက် ခရီးသည် ၁၁ ဦးဒဏ်ရာရ

အုတ်တွင်း နိုဝင်ဘာ ၁ဝ

အင်းလေးမှ ရန်ကုန်မြို့သို့ပြေးဆွဲ နေသော စိန်အိုးစည် ခရီးသည်တင် ယာဉ်သည် အမြန်လမ်းမကြီးအတိုင်း ရန်ကုန်မြို့သို့ မောင်းနှင်လာစဉ် နိုဝင်ဘာ ၁ဝ ရက် နံနက် ၄ နာရီက အုတ်တွင်းမြို့နယ် အမြန်လမ်းမိုင်တိုင် အမှတ် (၁၂၄/ဝ) အနီးတွင် အရှိန် လွန်တိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ် ၌ လိုက်ပါလာသူခရီးသည် ၄၅ ဦး အနက် အမျိုးသား၊ အမျိုးသမီး ၁၁ ဦး ဒဏ်ရာများရရှိသွားခဲ့ကြောင်း သိရ သည်။

ခရီးသည်များအနက် အမျိုးသား နှစ်ဦး၊ အမျိုးသမီး ကိုးဦးတို့(မစိုးရိမ်ရ)ဒဏ်ရာများရရှိသွားခဲ့သည့်အတွက် ဖြူးမြို့ ပြည်သူ့ဆေးရုံတွင် အတွင်း လူနာများအဖြစ် ကုသပေးလျက်ရှိပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ဗောဓိကုန်း အမြန်လမ်းရဲစခန်းက အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

(ကိုလွင်-ဆွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment