Tuesday, 18 November 2014

နပိုလီယံ ၏ ဦးထုပ်တစ်လုံးကို ယူရို ၁ ဒသမ ၉ သန်းဖြင့် လေလံတင် ရောင်းချ

ပဲရစ် ၊ ၁၈-၁၁-၂၀၁၄

ပြင်သစ်ဘုရင် နပိုလီယံ ဘိုနာပတ် ဝတ်ဆင်ခဲ့သော ထင်ရှားသည့် ဦးထုပ်များ အနက် တစ်လုံးဖြစ်သည့် '' bicorne '' အမည်ရှိ ဦးထုပ်ကို ပဲရစ်မြို့ အပြင်ဘက်တွင် နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သော လေလံပွဲ တစ်ခု၌ ယူရို ၁ ဒသမ ၉ သန်း (အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ သန်း ) ဖြင့် လေလံတင် ရောင်းချခဲ့ကြောင်း သိရသည်။

''bicorne'' အမည်ရှိ အဆိုပါ ဦးထုပ်သည် နပိုလီယံ ဆင်မြန်းခဲ့သော တစ်မူ ထူးခြားသည့် ဦးထုပ်များ အနက်တစ်လုံးဖြစ်ပြီး ခန့်မှန်းဈေးနှုန်း ယူရို ၁၈၈၄ဝဝဝ ဖြင့် ရောင်းချရန် မျှော်မှန်း ထားကြောင်း၊ သို့သော် ၄င်း ဦးထုပ်ကို တောင်ကိုရီးယား နိုင်ငံ၏ အကြီးဆုံး စားသောက်ကုန် ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သော Harim ကုမ္ပဏီမှ မန်နေဂျာတစ်ဦး ဖြစ်သူ Lee Tae Kyun က အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း လေလံ ကုမ္ပဏီမှ တာဝန်ရှိ သူများက ပြောကြား ခဲ့သည်။

Lee Tae Kyun ဝယ်ယူခဲ့သည့် နပိုလီယံ၏ ဦးထုပ်ကို ၄င်း၏ ကုမ္ပဏီတွင် ပြသထားမည် ဖြစ်ပြီး ၄င်းကုမ္ပဏီရှိ ဝန်ထမ်းများ အလုပ်လုပ်ရာတွင် နပိုလီယံ ကဲ့သို့ ဇွဲရှိရှိနှင့် ကြိုးစားချင်စိတ် ဖြစ်ပေါ် လာစေရန် ရည်ရွယ်ချက်ဖြင့် ပြသထားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်
https://www.facebook.com/TheMyawadyDaily?fref=photo

Napoleon's Hat Auctioned to South Korean for $2.4 Million

No comments:

Post a Comment