ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း
မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်
ဝန်းကြောင့် ဧရာဝတီိတိုင်းနဲ့ ရန်ကုန်တိုင်းဒေ
သကြီးတို့မှာ အခုရက်ပိုင်း မိုးကြီးနိုင်တယ်လို့
မြန်မာနိုင်ငံ မိုးလေ၀သဌာနက
ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
လေဖိအားနည်းရပ်ဝန်းဟာ နိုဝင်ဘာ ၆ ရက်မှာ မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး အနောက်မြောက်ဘက်ကို ရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ၀င်သွားနိုင်တယ်လို့ လောလောဆယ်ခန့်မှန်းထားတယ်လို့လည်း ပြောပါတယ်။
လက်ရှိအချိန်မှာတော့ လေဖိအားနည်းရပ်ဝန်းက ထွက်ပေါ်လာတဲ့ တိမ်တိုက်တချို့ဟာ ဧရာဝတီတိုင်းပေါ်ထိ ရောက်နေပြီး ဒီနေ့ကစလို့ နောက်နှစ်ရက်ထိ အဲ့ဒီဒေသတွေမှာ မိုးကြီးဦးမယ်လို့ ဆိုပါတယ်။
DVB (မြန်မာပိုင်း)

No comments:
Post a Comment