ရန်ကုန်၊ နိုဝင်ဘာ ၁၅
၁၄.၁၁.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်တွင် တိုက်ကြီးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ ဝင်များသည် တိုက်ကြီး ဆေးရုံသို့ အမျိုးသမီးတစ်ဦး အဆိပ်သောက် သေဆုံး ရောက်ရှိလာကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ တိုက်ကြီးမြို့နယ်နေ အသက်(၁၈)နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဦး ဖြစ်ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၁၄၂၀အချိန်ခန့်တွင် သေဆုံးသူသည် ခင်ပွန်းဖြစ်သူ အရက်သောက်သည့် ကိစ္စနှင့် ပတ်သက်၍ စကားများရန်ဖြစ်ကြပြီး ခင်ပွန်းဖြစ်သူ အပြင်သို့ ထွက်သွားခိုက် ပိုတက်ပိုးသတ်ဆေး သောက်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
၎င်းသေဆုံးမှုနှင့် ပတ်သက်၍ တိုက်ကြီးမြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၂၈/၂၀၁၄)ဖြင့် ရေးဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

No comments:
Post a Comment