Friday, 14 November 2014

ပီနန်းတွင်မြန်မာတစ်ဦးထပ်မံအသတ်ခံရ မြန်မာ သေဆုံးသူ ၂၀ ပြည့်


မလေးရှား (ဘတ်တာဝေါ့)
 မလေးရှားနိုင်ငံ ပီနန်း ၊ ဘတ်တာဝေါ့တွင် မြန်မာနိုင်ငံသားတစ်ဦးထပ်မံအသတ်ခံခဲ့
ရကြောင်း ယနေ့ထုတ် မလေရှားသတင်း
ဌာနများတွင် တင်ဆက်ထားသည်ကိုတွေ့
ရသည် ။




ယခု သေဆုံးသူတစ်ဦး ပါဝင်မည်ဆိုပါက 2014 ခုနှစ်တစ်ခုတည်းအတွင်း ပီနန်း ပြည်နယ်တွင် မြန်မာနိုင်ငံသား အသတ်ခံရသူ 20 ဦး အထိရှိပြီဖြစ်ကြောင်း နှင့် 18 မှုမှာ လူသတ်မှုဖြစ်ကြောင်း မလေးရှားအစိုးရ မှ တရားဝင်ကြော်ငြာသွားခဲ့သည် ။


ယနေ့သေဆုံးသူမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော အသက် 34 နှစ်ရှိ ဟိန်းလတ်ကျော် ဆိုသူဖြစ်ပြီး ဘတ်တာဝေါ့ တာဆစ်ဂူးလေ မြို့ ၊ ဂျရတ် အတတ်စ် မြို့ အနီးရှိ ဆီအုန်းစိုက်ခင်းထဲတွင် လည်ပင်း ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ပီနန်း ရဲဌာနမှ သတင်းထုတ်ပြန်ထားသည် ။




ဟိန်းလတ်ကျော် အလုပ်လုပ်ကိုင်နေသော နေရာမှာ Taman Kelasah, Seberang Jaya. ရှိ ဆောက်လုပ်ရေးဆိုဒ်တွင်ဖြစ်ကြောင်း နှင့် ပြီးခဲ့သည့် 9.11.2014 ည က အသတ်ခဲရခြင်းဖြစ်ကြောင်း လည်ပင်း ပြတ်ရှ ဒဏ်ရာ အပြင် ဝမ်းဗိုက် ၊ ရင်ညွန့် ၊ တင်ပါးများတွင်လည်း ဓါးထိုးသွင်းဒဏ်ရာများ ပါ ရရှိထားကြောင်း မှုခင်း သတင်းဌာနများက ရေးသားထားသည် ။


ယခု လူသတ်မှုအပါအဝင် ပီနန်းပြည်နယ် တွင်းဖြစ်သော ပီနန်း နှင့် ဘတ်တာဝေါ့ ဝင် မြန်မာနိုင်ငံသားများ သေဆုံးမှု နှုန်း မြင့်တက်လာခြင်းသည် မလေးနိုင်ငံသားများကြားတွင် ပြောစရာ ဖြစ်လာနေပြီး လူသတ်မှု တွင် ပါဝင်ပတ်သက်နေသော မှာ တစ်ဦးမက ဖြစ်ကြောင်း လည်း THESTAR သတင်းဌာနက ဖြော်ပြထားသည် ။


အခြား အမည်မဖော်နိုင်သော သေဆုံးသူ အချို့ဆိုလျှင်မူ လမ်းဘေးတွင် အဝတ်ဖြူဖြင့် ထုတ်ကာ ပစ်ထားခြင်းခံရပြီး မည်သူမည်ဝါ ဖြစ်ကြောင်း စုံစမ်းမရသည့် အမှုများလည်း ယခု နှစ်တွင် ဖြစ်ပွားခဲ့ကြောင်း ပီနန်း အထူးထောက်လှမ်းရေး အရာရှိမှ ဆက်လက်ပြောကြာသွားခဲ့သည် ။


ယခု နှစ်အတွက် မလေးရှားနိုင်ငံ ပီနန်းပြည်နယ်တစ်ခုတည်းတွင် သေဆုံးသည့် မြန်မာ နိုင်ငံသားအရေအတွက်သည် ယနေ့ အယောက် ၂၀ ရှိပြီးဖြစ်ကြောင်းနှင့် ထိုအရေအတွက်သည် ပြည်တွင်း လူသတ်မှုများထက် များခဲ့ပြီဖြစ်ကြောင်းကို ယနေ့ ထုတ်သတင်းစာများ အင်တာနက်သတင်းစာမျက်နှာများတွင် ရေးသားထားသည်ကို မလေးရှားရောက် မြန်မာနိုင်ငံသားများ

သိရှိစေရန် ဘာသာပြန်တင်ဆက်သည် ။

Video Link : http://www.ntv7.com.my/…/MYANMAR_MAN_FOUND_WITH_THROAT_SLIT…
Ref : Thestar , Banama , Metro
Photo Thestar Online

No comments:

Post a Comment