ကိုပါကြီးရဲ့ ရုပ်အလောင်း ရင်ခွဲ စစ်ဆေးချက်အဖြေနဲ့ အဲ့ဒီအရာရှိတွေကို စစ်ဆေး မေးမြန်းထား ချက်တွေကို စုစည်းပြီးမှ ကိုပါကြီးသေဆုံးရတဲ့ အကြောင်းအရင်းကို သုံးသပ်လို့ရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင်က ပြောပါတယ်။
"ကျိက်မရောနားကို koo အဖွဲ့လာတာကစပြီး ဖြစ်စဉ်ကဆက်စပ်နေတော့ အောက်တိုဘာ ၄ ရက်နေ့အထိ ဖြစ်စဉ်နဲ့ဆက်စပ်နေတဲ့ အဲ့ဒီနေရာမှာဖြစ်တဲ့ ခ.မ.ရ (၂၁ဝ)၊ ခ.မ.ရ (၂ဝ၈)၊ (၂ဝ၄)၊ ခ.လ.ရ (၈၁) တပ်တွေက တပ်မှူးကြီးတွေ၊ အရာရှိတွေ၊ အရာရှိကြီးအဆင့်တွေ၊ ရဲဘက်ကလည်း အရာရှိကြီးအဆင့်တွေဖြစ်ပါတယ်၊ နောက် ပြည်နယ်ကလည်းပဲ ဝန်ကြီးတစ်ဦး ထွက်ဆိုချက်ပေးပါတယ်၊ ရင်ခွဲစစ်ဆေးချက်နဲ့ နောက်ထပ် အရာရှိတွေ စစ်တာနဲ့ကျမှ ကျနော်တို့ ပြန်ပြီးတော့ သုံးသပ်လို့ရမယ်ဆိုတာပေါ့"
ဒါ့အပြင် ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်နယ်ဝန်ကြီးတစ်ဦးနဲ့ အခင်းဖြစ်ပွားရာအနီး ပတ်ဝန်းကျင်ရွာတွေက ဒေသခံတွေကိုလည်း စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ် တပ်ရင်း ၄ ခုကအရာရှိ ၇ ဦးကိုလည်း မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်က စစ်ဆေးဖို့ကျန်သေးပြီး အကုန်လုံးစစ်ဆေးပြီးသွားတဲ့အခါမှာ ကိုပါကြီးရုပ်အလောင်းရဲ့ ဓါတ်ခွဲခန်းအဖြေနဲ့ ပေါင်းစပ်သုံးသပ်ထားချက်တွေကို နိုင်ငံတော် သမ္မတဆီပေးပို့သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?ref=br_tf
No comments:
Post a Comment