၂၃.၁၁.၂၀၁၄ရက်နေ့ ၁၃၀၀ အချိန်တွင် ရန်ကုန်ဘူတာမှ မင်္ဂလာဒုံဘက်သို့ ထွက်ခွာ လာသော RBE မီးရထားသည် လှည်းတန်းဘူတာနှင့် ကမာရွတ် ဘူတာအကြား ရထားသံလမ်း ဂိတ်ပိတ်ထားသည့် သံလမ်းကူးနေရာ အရောက်တွင် ရထား၏ ဘယ်ဘက်ခြမ်း အတွင်းဘက်မှ ဆိပ်ကြီး ခနောင်တိုမြို့နယ်နေ ရွားသား(ခ)ဦးမျိုးမြင့်၊(၄၄)နှစ် တွန်းလာသည့် ဆိုက္ကားနှင့် တိုက်မိမှုဖြစ်ပွားခဲ့ ပါသည်။
ထိုသို့တိုက်မိမှုကြောင့် ရထားမှာမိနစ်(၂၀)ခန့်ရပ်တန့်ခဲ့ရပြီး ဆိုက္ကားပျက်စီးကာ ဦးမျိုးမြင့်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ခန္ဓာကိုတွင်ပွန်းပဲ့ ဒဏ်ရာများ ရရှိပါသည်။
ဒဏ်ရာရရှိသူ ဦးမျိုးမြင့်မှာ ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသမှု ခံယူရန် သွားရောက်မည်ဟု အကြောင်းပြပြီး ဆေးကုသမှုမခံယူဘဲ တိမ်းရှောင် သွားခဲ့ပါသည်။
ယင်းသို့ဖြစ်ပွားခဲ့သဖြင့် အင်းစိန်ဘူတာရုံပိုင်ကြီးမှ တိုင်တန်းချက်အရ ဦးမျိုးမြင့်အား အင်းစိန်မြို့မရဲစခန်း (ပ)၆၈၄/၂၀၁၄၊ မီးရထား အက်ဥပဒေပုဒ်မ ၁၂၉ ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
No comments:
Post a Comment