အာရှတိုက် ၏ အချမ်းသာဆုံး လုပ်ငန်းရှင်ကြီး တစ်ဦးသည် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ ခရီးသည်တင် ဂျက်လေယာဉ် အစင်း ၆ဝ ကို ဝယ်ယူရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
လီကာရှင်း အမည်ရှိ အဆိုပါ လုပ်ငန်းရှင် သည် အိုင်ယာလန် အငှားကုမ္ပဏီကြီး တစ်ခုဖြစ်သည့် AWAS ကုမ္ပဏီမှ လေယာဉ်များကို ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လုပ်ဆောင်ချက် သည် ၄င်း၏ ရင်းနှီးမြှုပ်နှံမှု ကို တိုးချဲ့ရန် အတွက် ပုံမှန်ဝင်ငွေ ပေးအပ် နိုင်သည့် စီးပွားရေး ကဏ္ဍကို မြှင့်တင်ပေးခြင်း ဖြစ်ကြောင်း လေ့လာသူ များက ပြောကြားခဲ့သည်။ လီကာရှင်း သည် ဒေသအတွင်း မြင့်တက် လာသည့် လေကြောင်း ခရီးစဉ် ပျံသန်းမှု အတွက် အဖိုးအခ နည်းပါးသည့် လေကြောင်း ခရီးစဉ်များကို ပျံသန်းနိုင်ရန် အတွက် လေယာဉ်များကို ဒေါ်လာ ၂ ဒသမ ၅၂ သန်းသုံးစွဲ၍ ဝယ်ယူရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း Down Jones က ဖော်ပြခဲ့သည်။
တရုတ် အစိုးရသည် နိုင်ငံအတွင်း ပုဂ္ဂလိက လေကြောင်းလိုင်းများ ပျံသန်း ပြေးဆွဲခြင်းကို အားပေးနိုင်ရန် အတွက် ခြောက်နှစ်ကြာ ပိတ်ဆို့ ထားခြင်းကို ဖြေလျှော့ပေး၍ လေယာဉ်များ အတွက် လိုအပ်သည့် လောင်စာဆီ များကို ထောက်ပံ့ပေး ခဲ့သည်။
လီကာရှင်း သည် ချွမ်ကောင်ဦးပိုင် နှင့် စီးပွားရေး လုပ်ငန်းများမှ တစ်ဆင့် တစ်ကမ္ဘာလုံးရှိ အိမ်ခြံမြေ၊ တယ်လီကွန်၊ လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုများ၊ ဆိပ်ကမ်း စီမံခန့်ခွဲမှု နှင့် လက်လီ ရောင်းချသည့် စီးပွားရေး လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
#PyiChitThar
http://www.pyichitthar.com/2014/11/blog-post_13.html
No comments:
Post a Comment