Tuesday, 11 November 2014

အသက် ၁၀၀ ပြည့်မွေးနေ့ပွဲကို ကောင်းကင်မှ ဒိုင်ဗင်ထိုး ကျင်းပသည့် အမျိုးသမီး

နယူးယောက် ၊ ၁၁-၁၁-၂၀၁၄

အမေရိကန်ြ ပည်ထောင်စုမှ အမျိုးသမီးကြီး တစ်ဦးသည် ၄င်း၏ အသက် ၁ဝဝ ပြည့် မွေးနေ့ပွဲကို ကောင်းကင်မှ ဒိုင်ဗင်ထိုး၍ ကျင်းပ ခဲ့ကြောင်း သိရသည်။

နယူးယောက် မြို့ဟောင်း ကရေ့ဗ်ခရိုင် မှ အလီနောကန်း နင်းဂမ်း အမည်ရှိ အဆိုပါ အမျိုးသမီးကြီး သည် နိုဝင်ဘာ ၈ ရက်တွင် ကျရောက်ခဲ့သည့် ၄င်း၏ အသက် ၁ဝဝ နှစ်ပြည့် မွေးနေ့ပွဲကို ဆာရာတိုဂါ ကောင်းကင် ဒိုင်ဗင်ထိုး စခန်းတွင် လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး သူမသည် ယခင်က အသက် ၉ဝ ပြည့်နှစ် အထိမ်းအမှတ် အဖြစ် ကောင်းကင်မှ ဒိုင်ဗင်ထိုး ခဲ့သည့် သမ္မတဟောင်း ဂျော့ ဒဗလျှူဘုရှ် စီနီယာ ၏ စွန့်စားမှုကို ကျော်ဖြတ် နိုင်ခဲ့သည်။

ယခု ပြုလုပ်ခဲ့သည့် ကောင်းကင် ဒိုင်ဗင်ထိုးခြင်း သည် ကန်းနင်းဂမ်း အတွက် တတိယ အကြိမ်မြောက် ဖြစ်ပြီး သူမသည် ယင်းသို့ ကောင်းကင် ဒိုင်ဗင်ထိုးခြင်းကို အသက် ၉ဝ အရွယ်မှစ၍ လေ့ကျင့် သင်ယူခဲ့ခြင်း ဖြစ်သည်။ကန်းနင်းဂမ်း သည် နယူးယောက် မြို့လယ်ကောင် တွင် မြေးဖြစ်သူ နှင့် အတူ နေထိုင်လျက် ရှိပြီး ယင်းသို့ ကောင်းကင် ဒိုင်ဗင်ထိုးရန် အတွက် ဆရာဝန် ဖြစ်သူက ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/11/blog-post_81.html


Eleanor Cunningham and tandem master McDonald make a safe landing

No comments:

Post a Comment