၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ရှမ်းပြည်နယ်၊ တာချီလိတ် မြို့နယ်၊ တာလေမြို့နယ်ခွဲ၊ မဟိုဆန်ဒါ(၁)ရွာနေ လောဖ(၄၀)နှစ်မှ အရက်မူးပြီး ဇနီးဖြစ်သူ မမိဂျူ(၃၉)နှစ်၊ သမီးများဖြစ်ကြသည့် မအစူးစာ(၄)နှစ်နှင့် မမာလိယာ(၂)နှစ်တို့အား ရဲဒင်းဖြင့်ခုတ်၍ ဒဏ်ရာများရရှိ နေကြောင်း ၁၄-၇-၂၀၁၄ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် တာဝန်သိ ပြည်သူတစ်ဦး၏ အကြောင်းကြား ချက်အရ တာလေနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့သွားရောက်စဉ် တောင်သုံးအပေါ်ရွာနှင့် အလယ်ရွာကြား၊ တောင်တက် လမ်း၌ လောဖာအား ဟွန်ဒါဝေ့ဖ်-၁၁၀ ဆိုင်ကယ် မောင်းနှင်လာသည်ကိုတွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေး ခဲ့ရာ ၎င်းင်း၏ကျောတွင်လွယ်ထားသော အရှည် ၅ ပေခန့်ရှိ တူမီးသေနတ်(၁)လက်၊ ဖြူးစ်တပ်ထားသည့် တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး(၂)လုံး၊ ယမ်းများထည့်ထားသော ပလတ်စတစ်ဗူး(၁)ဗူး၊ ယမ်းကတ်(၁၀) ကတ်ပါ ပလတ်စတစ်ဗူး(၁)ဗူးနှင့် ခဲသီးများထည့်ထားသော ပလတ်စတစ်ဗူး(၁)ဗူးတို့ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
ဆက်လက်၍ ပူပေါင်းအဖွဲ့သည် မဟိုဆန်ဒါ(၁)ရွာရှိ လောဖ၏နေအိမ်သို့ သွားရောက် စစ်ဆေးရာ နေအိမ်၌ မမိဂျူ၊ မအစူးစာနှင့် မမာလိယာတို့ ၃ ဦးအား ဒဏ်ရာများနှင့်အတူ တွေ့ရှိရ သဖြင့် တာလေပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး လောဖအား တာလေနယ်မြေရဲစခန်း(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့်လည်းကောင်း၊ (ပ)၂၅/၂၀၁၄၊ ရှမ်းလက်နက်ပုဒ်မ ၁၂(က)ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
No comments:
Post a Comment