Tuesday, 18 November 2014

ထိုင်းနိုင်ငံရှိ ပြတိုက်တစ်ခုမှ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အမေရိကန်နိုင်ငံသား နှစ်ဦး ခိုးယူခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့စွပ်စွဲ

CNN ၊ နိုဝင်ဘာ ၁၈ ၊ ၂၀၁၄

အမေရိကန်နိုင်ငံသား(၂)ဦးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက် ဆေးရုံ တစ်ရုံ အတွင်းရှိ ပြတိုက်တစ်ခုမှ အရွယ်ရောက်သူနှင့် နို့စို့အရွယ်ကလေးငယ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ခိုးယူပြီး အမေရိကန် နိုင်ငံ လော့ဘီဂတ်စ်သို့ တင်ပို့ရန် ကြိုးစားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုက ပို့ဆောင်မှုစနစ်ကို ဝင်ရောက်ညှိနှိုင်းပေးခဲ့သည်။ ထိုင်းနိုင်ငံ၊ ဖူသပ်ဌာနီ ပြည်နယ်ရှိ DHL ရုံးမှ ဝန်ထမ်းတစ်ဦးသည် စကင်ဖတ် စစ်ဆေးမှုပြုလုပ်ပြီး အထုပ်(၃)ခု အတွင်းရှိ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရှာဖွေတွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့ထံ ဖုန်းဆက် အကြောင်းကြားခဲ့သည်။

“အမေရိကန်ပြည်ထောင်စုကို ပါဆယ်ထုတ်များ ပေးပို့ရန် ကြိုးစားသော အမေရိကန် တစ်ယောက်နှင့် စကားပြောဆိုခဲ့ပြီး ဖြစ်ပါတယ်၊ သူ့အပေါ်မျာ ဘာဖိအားမှ မပေးပါဘူး၊ ဥပဒေကြောင်းအရပဲ တရားစွဲ ဆိုသွား မှာ ဖြစ်ပါ တယ် လို့” ထိုင်းရဲတပ်ဖွဲ့အကြီးအကဲက ပြောဆိုသည်။

အဆိုပါခန္ဓာကိုယ်အစိတ်အပိုင်းများကို ညဈေးတန်းတစ်ခုအတွင်း တွေ့ရှိပြီး အမေရိကန်ဒေါ်လာ (၁၀၀)ပေးဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဈေးရှိ သည့်နေရာ ကို မှတ်မိခြင်းမရှိတော့ကြောင်း အဆိုပါ အမေရိကန်နိုင်ငံသားနှစ်ဦး က ရှင်းပြခဲ့ကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုသည်။

ခန္ဓာကိုယ်အစိတ်အပိုင်းများ အားလုံးကို ထိုင်းနိုင်ငံ၏ အကြီးဆုံးဆေးရုံ ဖြစ်သည့် Siriraj ဆေးရုံး အတွင်းရှိ Siriraj ဆေးပြတိုက်မှ ခိုးယူသွားခဲ့ခြင်း ဖြစ်ပြီး ခန္ဓာဗေဒပြတိုက်နှင့် မူခင်းဆေးပညာ ပြတိုက် မှ ထုတ်ယူသွားခဲ့ခြင်း ဖြစ်သည်။

ဆေးရုံမှ အနီးကပ်စောင့်ကြည့်သည့် ဗွီဒီယိုအရ အဆိုပါပုဂ္ဂိုလ်နှစ်ဦးသည် McPherson နှင့် Tanner တို့ဖြစ်ကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုသည်။

ထိုင်းရာဇဝတ်ရုံးက အဆိုပါအမေရိကန်နိုင်ငံသား နှစ်ဦးကို အစိုးရဆေးရုံတစ်ရုံမှ ပစ္စည်းခိုးယူမှုဖြင့် တရားစွဲဆိုထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်(၇)နှစ်နှင့် ထိုင်းဘတ်ငွေ ငါးသိန်း( အမေရိကန် ဒေါ်လာ (၁၅,၂၀၀)အထိ ဒဏ်ရိုက်ခံရနိုင်ကြောင်း သိရှိရသည်။

သို့သော် အမေရိကန်နိုင်ငံသား နှစ်ဦးသည် ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွါသွားကြပြီ ဖြစ်သည်။ အဆိုပါ အမေရိကန်နိုင်ငံသားနှစ်ဦးကို လွှဲပြောင်း လက်ခံရရှိနိုင်ရေး ထိုင်းရဲတပ်ဖွဲ့က နည်းလမ်းရှာဖွေလျက် ရှိသည်။

ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ထိုင်းနိုင်ငံရှိ အမေရိကန်သံရုံးနှင့် စဉ်ဆက် မပြတ် ဆက်သွယ်ဆောင်ရွက် လျက်ရှိကြောင်း CNN သတင်းဖော်ပြချက်အရ သိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment