Monday, 3 November 2014

တာချီလိတ်ခရိုင်ရှိ မြို့နှစ်မြို့တွင် အမျိုးသားနှစ်ဦး ကြိုးဆွဲချသေဆုံး

တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက် မြန်မာရွာခေါ် အကွက်(၉)တွင် အသက်(၂၇)နှစ်ရှိ အမျိုးသားတစ်ဦးသည် မိမိကိုယ်ကိုယ် ကြိုးဆွဲချ၍ သတ်သေသည့် ဖြစ်စဉ်တစ်ခု ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၃)ရက် (၁၁)နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသက်(၂၇)နှစ်အရွယ်ရှိ ပြုံးမောင်မောင်သည် ၀မ်ကောင်းရပ်ကွက် မြန်မာရွာခေါ် အကွက်(၉)ရှိ အိမ်အမှတ်(၉/၄၉) နေအိမ်အခန်းငှားတွင် နေထိုင်သူဖြစ်ပြီး ဇနီးဖြစ်သူ အလုပ်သွားနေစဉ် နံနက်(၁၁)နာရီ ၀န်းကျင်ခန့်၌ အရှည် (၂၄)ပေခန့်ရှိ အ၀ါရောင်နိုင်လွန်ကြိုးအား နှစ်ခေါက်ပြုလုပ်ပြီး အိမ်ခန်း၏ ထုတ်တန်းသစ်သားတွင် ချည်ကာ ကြိုးဆွဲချ သေဆုံးနေတာကို တွေ့ရှိရသည်။

အသက်(၂၇)နှစ်အရွယ်ရှိ ပြုံးမောင်မောင်သည် ၎င်းမသေဆုံးမီတွင် စာအုပ်အသေး၌ "ခင်မိုးလှိုင် ကို့ကို ခွင့်လွှတ်ပါ" နှင့် "အမေ နှင့် အမေ သားကိုခွင့်လွှတ်ပါ"ဆိုသည့် စာပုဒ်အား ရေးချန်ထားတာကိုလည်း တွေ့ရှိရသည်။

အဆိုပါ သေဆုံးမှု ဖြစ်ပွားရာသို့ ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စခန်းမှူး ဒုရဲမှူးကျော်သန်း၊ တာဝန်မှူး ဒုရဲအုပ်နေမျိုး နှင့် အဖွဲ့မှ သွားရောက်၍ စစ်ဆေးခဲ့ကြပြီး သေမှုသေခင်းအမှတ်စဉ် (၁၉/၂၀၁၆)ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ တာချီလိတ်ခရိုင်ရှိ တာလေမြို့တွင် ယနေ့ နိုဝင်ဘာလ(၃)ရက်မှာပင် နံနက်(၁၀း၃၀) နာရီဝန်းကျင် အချိန်ခန့်က အသက်(၄၄)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် သစ်ပင်တွင် နွယ်ကြိုးအား အသုံးပြု၍ မိမိကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးနေကြောင်းလည်း သတင်းရရှိသည်။

သတင်း ။ ။ ကိုဇောင်း
Tachileik Online News
http://www.tachileik.net/2014/11/suicide.html


No comments:

Post a Comment