Tuesday, 4 November 2014

ဗိုလ်တထောင်ဘုရားမုခ်ဦးရှေ့တွင် ရထားနှင့် မော်တော်ယာဉ်တို့ တိုက်မိမှုဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၎

၃.၁၁.၂၀၁၄ ရက်နေ့ ၀၃၁၅ အချိန်တွင် ဆိပ်ကမ်းမြို့နယ်၊ ရဲရိပ်သာရပ်ကွက်၊ ကမ်းနားကွန်ကရစ် လမ်းပေါ်ရှိ ရထားသံလမ်း၊ ဗိုလ်တထောင်ဘုရား မုခ်ဦးရှေ့တွင် ဗိုလ်တထောင်မြို့နယ်၊ သန်လျက် စွန်းဘက်မှ ဗိုလ်တထောင်ဘုရား ဘက်သို့ မောင်းနှင်လာသော မလွှကုန်း-၀ါးတန်း တွဲလွတ်ပို့ဆောင်သည့် ရထားနှင့် ဘုရားမုခ်ဦးဘက်သို့ ဖြတ်သန်းမောင်းနှင်သည့် ယာဉ်မောင်း ကိုကောင်းဆက်မော် မောင်းနှင်လာသော 9H---- ကိုရိုနာ အဖြူရောင်ယာဉ်တို့ တိုက်မိခဲ့ပါသည်။

ထိုသို့တိုက်မိမှုကြောင့် 9H---- ကိုရိုနာယာဉ်မှာ ၀ဲဘက်ရှေ့တံခါး ပိန်ချိုင့်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရပါသည်။

ယင်းသို့ဖြစ်ပွားခဲ့သည့်အတွက် မကွေးတိုင်းဒေသကြီးနေ ယာဉ်မောင်း ကိုကောင်းဆက်မော်၊ (၂၄)နှစ်အား အရေးယူပေးပါရန် ပုဇွန်တောင်ဘူတာ ရုံပိုင်ကြီးမှ တိုင်တန်းချက်အရ ဆိပ်ကမ်းမြို့မရဲစခန်း (ပ)၃၆၇/၂၀၁၄၊
မီးရထား အက်ဥပဒေပုဒ်မ-၁၂၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment