Tuesday, 4 November 2014

စီးကရက်စက်ရုံ မီးလောင်မှုဖြစ်ပွားရာ ငွေကျပ် ၇၈ သိန်းကျော်ဖိုး ဆုံးရှုံး

မူဆယ် ၊ ၄-၁၁-၂၀၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် နိုဝင်ဘာ ၂ ရက်ည ၁၁ နာရီ ၁၅ မိနစ်က စီးကရက်စက်ရုံ တစ်ရုံ မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုင်ဝင်ဘာ ၂ ရက်ည ၁၁ နာရီ ၁၅ မိနစ်က မူဆယ်မြို့ ၊ စွမ်စော်ရပ်ကွက် ၊ အနောက်ဘက် တစ်မိုင်ခန့် အကွာရှိ ကိုးကန့် စီးကရက် စက်ရုံတွင် မီးလောင်မှု ဖြစ်ပွားရာ မီးသတ် တပ်ဖွဲ့ဝင် များက မီးသတ်ယာဉ် ၁၆ စီးဖြင့် ငြှိမ်းသတ်ရာ နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီ ၁ဝ မိနစ်တွင် မီးငြိမ်းသွား ခဲ့သည်။

အဆိုပါ ကိုးကန့် စီးကရက် စက်ရုံ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက် ဒဏ်ရာရရှိမှု နှင့် သေဆုံးမှု မရှိဘဲ အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံ များကိုလည်း ကူးစက် လောင်ကျွမ်းမှု မရှိကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရခြင်းမှာ အလျားပေ(၁၅ဝ)၊ အနံပေ(၅ဝ) ရှိ အုတ်ကာသွပ်မိုး ပစ္စည်းထားရာ ဂိုဒေါင်အတွင်းရှိ ဗားဂျီးနီးယား ဆေးရွက်ကြီးအိတ် (၁ဝဝဝ)ခန့် သိုလှောင်ထား ရာမှ အပူလွန်ကဲ ကာ ဗားဂျီးနီးယား ဆေးရွက်ကြီး အိတ်များ မီးလောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် တန်ဖိုးငွေကျပ် (၇၈၇၅ဝဝဝ) ခန့် ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သော ကိုးကန့် စီးကရက်စက်ရုံ ပိုင်ရှင်မှာ ဦးရန်လောက်စန်း (ဘ) ဦးရန်မော်အန်း အမှတ်(၉) နဝရတ်လမ်းသွယ်၊ မရန်းကုန်း မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး နေသူဖြစ်ပြီး စက်ရုံ မန်နေဂျာ ဦးမြင့်စိုးဦး (ဘ) ဦးစိုးမြသိန်း စီးကရက် စက်ရုံဝင်း၊ စွမ်းစော်ရပ်ကွက် မူဆယ်မြို့ နေသူကို မီးပေါ့ဆမှုဖြင့် မူဆယ်မြို့မ ရဲစခန်းက (ပ)၃၁ဝ/ ၂ဝ၁၄ ပြစ်မှု ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/11/blog-post_26.html

No comments:

Post a Comment