ရတနာဆိုင်မှ စိန်ထည်ပစ္စည်းခိုးယူခဲ့သောနိုင်ငံခြားသား နှစ်ဦးကို ပြည်သူများပူးပေါင်း
ပါဝင် ဖော်ထုတ်ရန် နိုဝင်ဘာ ၂ ရက်ကမေတ္တာ
ရပ်ခံထားကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှ
သတင်းရရှိသည်။
အောက်တိုဘာ ၁၇ ရက်ကလမ်းမတော်မြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ Diamond & Me ရတနာဆိုင်၌ နိုင်ငံခြားသားနှစ်ဦးသည် ကျပ်သိန်း ၁၉၀ တန်ဖိုးရှိ စိန်နားကပ် တစ်ရန်ကို လေး၊ ငါးကြိမ်ခန့် တောင်းယူကြည့်ရှုခဲ့ပြီး ရတနာဘူးအတွင်း ပြန်ထည့် ကာဆိုင်မှ ပြန်ထွက်သွားခဲ့သည်။ ယင်းနောက် ရတနာဘူးကို ပြန်လည်စစ်ဆေးကြည့်ရာ စိန်နားကပ် ပျောက်ဆုံးနေ၍ လမ်းမတော်ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါနိုင်ငံခြားသား နှစ်ဦး ကို တိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်း ဆီးစုံစမ်းလျက်ရှိရာ ယခုအခါ ဟို တယ်၊ မိုတယ်၊ တည်းခိုခန်းများ နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ အဝေးပြေးကားဂိတ် များသို့ သတင်းဖြန့်ဝေထားပြီး လူမှုကွန်ရက်မှတစ်ဆင့်လည်း စုံစမ်းနေကြောင်း သတင်းရရှိသည်။
7Day News Daily
No comments:
Post a Comment